KKO(ခွဲထွက်)အဖွဲ့နှင့် PDFအကြမ်းဖက်သမားများ၏ပစ်ခတ်မှုကြာင့်ဒေသခံပြည်သူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ခင်နိမ်းမူဂိတ်(၃)၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒီဇင်ဘာ ၂၂ ရက်တွင် KKO (ခွဲထွက်) အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဂိတ်အနီး အမှတ်(၇)ရပ်ကွက်အတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ဒေသခံပြည်သူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၎င်းဖြစ်စဉ်တွင် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်းနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါတယ်။