မွန်ခွဲထွက် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရသည့် ကော့ဘိန်းရွာ

အကြမ်းဖက် မွန်ခွဲထွက်သောင်းကျန်းသူများအနေဖြင့်ကော့ဘိန်းကျေးရွာရှိ နေအိမ်များ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦများကို မီးရှို့ဖျက်ဆီးခဲ့ကာ ယခင်အေးချမ်းတည်ငြိမ်နေသော မွန်ပြည်နယ်ရဲ့ လှပတဲ့ကော့ဘိန်းရွာလေးဟာ အကြမ်းဖက်တွေရဲ့ဖျက်ဆီးခြင်းခံခဲ့ရတယ်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာများရှိ ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လမ်းတံတားများဖောက်ခွဲဖျက်ဆီးခြင်း၊ လူသစ်အတင်းအဓမ္မစုဆောင်းခြင်းများ ပြုလုပ်ခြင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိအောင်ပြုလုပ်နေကြသောကြောင့် ဒေသခံပြည်သူများမှာ အိုးအိမ်နှင့် ပိုင်ဆိုင်မှုပစ္စည်းများကို စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရှိရသည်။