အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် မီးလောင်မှုဖြစ်ပွား

ဖေဖော်ဝါရီလ ၅ ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းတွင် ယနေ့ နံနက်ပိုင်း မီးလောင်ကျွမ်းရာ ကားဂိတ်နှင့် ဆိုင်ခန်း ၁၀ ခန်းထက်မနည်း မီး လောင်ပြာကျသွားကြောင်း ကားဝင်းအတွင်းနေထိုင်သူများက  ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၅ နာရီ ၅ မိနစ်အချိန် မင်္ဂလာဒုံမြိုနယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်း၊ ပစောက်ဝင်း သိုမဟုတ် (ပ)ဝင်း၊ တနင်္သာရီလမ်းတွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးမှာ မိနစ် ၄၀ ကျော်လောင်ကျွမ်းခဲ့ပြီး နံနက် ၆ နာရီအချိန် မီးလုံး၀ ငြိမ်းသွားကြောင်း သိရှိရသည်။

“လောင်ကတာက ပစောက်ဝင်းထဲမှာ၊ တနင်္သာရီလမ်းထဲမှာ လောင်တာ။ ပိတ်ထားတဲ့ ဆိုင်ခန်းထဲကနေ စလောင်တာ။ မီးထဲပါသွားတာက  ဝင်းကားဂိတ် ၊ ရာဇာမင်းကားဂိတ်၊ အောင်ကျော်ဇောကားဂိတ်၊  ကားလက်မှတ်အရောင်းဂိတ်တွေ ပါကုန်တယ်။