အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးမှာ ပြုကျင့်သူထဲကတစ်ဦးနဲ့ အတင်းအကျပ်လက်ထပ်ခိုင်းလို့ ကိုယ့်ကိုကိုယ်မီးရှို့

အိန္ဒိယနိုင်ငံက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှုက လွတ်မြောက်လာခဲ့တဲ့ ဆယ်ကျော်မိန်းကလေးတစ် ဦးဟာ ပြုကျင့်သူထဲက တစ်ဦးနဲ့ လက်ထပ်ထိမ်းမြားဖို့ အတင်းအကျပ်စေခိုင်းခံရပြီး နှိပ်စက်မှုတွေ ခံရတာကြောင့် ကိုယ့်ကိုကိုယ် မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

သတင်းက အစီရင်ခံစာထဲ အိန္ဒိယ အူဒါ ပရာဒေ့ရှ်ပြည်နယ်က မိန်းကလေးတစ်ဦးမှာ သူမကို အဓမ္မပြုကျင့်ခဲ့တဲ့ သူတစ်ဦးနဲ့ အတင်း အကျပ် လက်ထပ်ဖို့ အမျိုးသားတွေရဲ့ ဖိအားပေးခံရပြီးနောက် သူမကိုယ် သူမ မီးရှို့မှုဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီထိတ်လန့်စရာအဖြစ်အပျက်ဟာဆိုရင် ပြည်နယ်က ဖာရူ ဟာဘက် စီရင်စုမှာ နိုဝင်ဘာလ ၇ ရက် ဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယ စံတော်ချိန်သတင်းစာက ရေးသားဖော်ပြထားပါတယ်။

ကိုယ့်ကို ကိုယ် မီးရှို့ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို နိုင်ငံရဲ့ မြို့တော် နယူးဒေလီကို ခေါ်ဆောင် သွားခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ် ၇၀ ရာခိုင်နှုန်းမှာ မီးလောင်ဒဏ်ရာတွေကြောင့် ဆက်ဖ်ဒါဂျန်း ဆေးရုံမှာ ကုသမှု ခံယူလျက်ရှိတယ်လို့ သိရပါတယ်။