ပြည်တွင်းစက်သုံးဆီ ဖူလုံရေးအတွက် စက်သုံးဆီများ ပုံမှန်တင်သွင်းလျက်ရှိ

စက်တင်ဘာလ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal တွင် MT Synergy သင်္ဘောမှ ဆီချလုပ်ငန်း ဆောင်ရွက်
လျက်ရှိရာ အဆိုပါသင်္ဘောတွင် ဓါတ်ဆီ 92 RON ၂.၄၅ ဂါလံသန်းနှင့် ပရီမီယမ်ဒီဇယ်ဆီ ၆.၁၄ ဂါလံသန်းပါရှိ၍ စက်သုံးဆီလက်ကျန်
အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း သိရှိရပါတယ်။

သီလဝါမှ ကလေးဝမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပို့ဆောင်မည့် ဆီတင်ယာဉ် ၄ စီးအား အကြမ်းဖက်အဖွဲ့အစည်းများက
တိုက်ခိုက်နှောင့်ယှက်ခဲ့သည့်အတွက် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များသို့ ဆီတင်ပို့နိုင်ခြင်းမရှိဘဲ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်
လျက်ရှိပါသည်။

စက်သုံးဆီဖြန့်ဖြူးမှုတွင် သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များသို့ ပို့ဆောင်ဖြန့်ဖြူးပေးနေသည့် ဆီတင်ယာဉ်အချို့ကိုလည်း PDF
အကြမ်းဖက်သမားများက နှောင့်ယှက်တားဆီးမှုများ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။