ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ဆင်းလီကျေးရွာအနီး တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၇ ရက်
PDF ရင်း (၅၁၂)မှ အလင်းဝင်ရောက်လာသူ၏ ထွက်ဆိုချက်အရ
လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ဆင်းလီကျေးရွာအနီးရှိ PDF သင်တန်းကျောင်းသို့ နယ်မြေရှင်းလင်းရန် ချီတက်စဉ်
သင်တန်းကျောင်းအနီးသို့အရောက် KIA နှင့် အကြမ်းဖက်သမား ပူးပေါင်းအင်အား ၂၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။
ဆုတ်ခွာထွက်ပြေးလာတဲ့ အကြမ်းဖက်သမားများနဲ့ ဆင်းလီကျေးရွာ၏ အရှေ့ဘက်တွင် လုံခြုံရေးတာဝန်ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ
-အကြမ်းဖက်သမားအလောင်း ၄ လောင်း
-ကေ (၁၂) ၃ လက်
-ကျည်အိမ် ၁၂ ခု
-ကျည် ၁၈၀ တောင့် သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က စစ်သည် ၁ ဦး (စိုးရိမ်)၊ ၁ ဦး (မစိုးရိမ်) ဒဏ်ရာရရှိခဲ့ဟု သိရှိရပါတယ်…