မြိုင်မြို့၌ လုံခြုံရေးတပ်ဖွဲ့များနှင့် PDF များတိုက်ပွဲဖြစ်

ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကန်နီရွာနှင့် မြိုင်မြို့နယ်ကြား လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲဝင်များနှင့် PDF အကြမ်းဖက်များ မြိုင်မြိုတောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အလောင်း ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ အမ်(၂၂) ကျည်အိမ် ၂ ခု၊ ကျည် ၃၀ တောင့်၊ လက်လုပ်မိုင်း ၁ လုံး၊ အိုင်ကွန် ၁ လုံး၊ ဝါယာကြိုးခွေ ၁ ခွေ တို့အား သိမ်းဆည်း ရမိခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲဝင်များ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။