တိုက်ပွဲသတင်း

ကယားပြည်နယ် မယ်စဲမြို့နယ် ပန်တိန်းကျေးရွာရှိBGF (၁၀၀၄)တပ်ဌာနချုပ်သို့ KNPP အကြမ်းဖက် အင်အား(စိစစ်ဆဲ) အဖွဲ့က လက်နက်ကြီးဖြင့် ၅ လုံးလာရောက်ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ KNPP တပ်ဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားကြောင်း.၊ စစ်ကောင်စီတပ်များ ထိခိုက်မှုမရှိကြောင်းနှင့် KNPP များ ဆုတ်ခွာထွက်ပြေးသွားရာနောက်သို့ စစ်ကောင်စီတပ်များက လိုက်လံရှင်းလင်းလျက်ရှိပါတယ်။

BGF (၁၀၀၄) တပ်မှ တပ်မှူး၊ ဒုတပ်မှူးဦးစီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ချို့ KNPP ၊ KNDF တို့နှင့် ပူးပေါင်းသွားခဲ့သဖြင့် BGF (၁၀၀၄) ဌာနချုပ်တွင် ကျန်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီတပ်များ ပူးပေါင်းပြီး ပန်တိမ်း၊ မယ်စဲနမ်ဒေသကို နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

KNPP နှင့် ပူးပေါင်းသွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အနေဖြင့် KNPP၊ KNDF တပ်များနှင့်အတူ
မယ်စဲဒေသရှိ အင်အားနည်း တပ်စခန်းများကို ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိသဖြင့် ဘီပီ (၁၃)၊ (၁၄) နှင့် မယ်စဲ ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါတယ်။