ဖေဖော်ဝါရီလ ၂၄ ရက် တိုက်ပွဲသတင်းများ

ဖေဖေါ်ဝါရီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်*
💥💥💥💥💥💥💥💥💥💥
(ဆင်ဘို)

မနက် ၇ နာရီကျော်ခန့်က ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ရဲစခန်းနှင့် တပ်ရင်းဌာနချုပ်တစ်ခုအား KIA အကြမ်းဖက်သောင်းကျန်းသူ ၃၅၀ ဦးခန့်က လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့်လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ထုတ်ခဲ့ရ။

(KIA အလောင်း ၂ လောင်း၊ သေနတ် ၂ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည် ၉၀၀ ကျော်၊ ဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၈ လုံး၊ ကျည်ကာဦးထုတ် ၂ လုံး၊ အီကွေ့မန့် ၁ စုံ သိမ်းဆည်းရမိ၊ စစ်သည် ၂ ဦး ဒဏ်ရာရရှိ)

(ဝေါလေ)

မနက် ၉ နာရီကျော်ခန့် ဝေါလေနယ်မြေ၊ ကနဲလေးနယ်ဘက်တွင် နယ်မြေရှင်းလင်းနေသော စစ်ကြောင်းနှင့် KNLA ရင်း(၂၀၁)မှ သောင်းကျန်းသူ ၁၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

( M-16 ၁ လက်၊ M-79 လောင်ချာ ၁ လက် သိမ်းဆည်းရမိ၊ မိမိထိခိုက်မှုမရှိ )

(ပင်လည်ဘူး)

မနက် ၈ နာရီချိန်ခန့် ပင်လည်ဘူးမြို့ရှိ ရဲစခန်း၊ မီးသတ်စခန်း၊ ထွေအုပ်ရုံးတိုအား အကြမ်းဖက်သောင်းကျန်းသူ ၂၅၀ ကျော်ခန့်က လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ နယ်မြေခံကွန်မန်ဒိုစစ်ကြောင်းက ရန်သူ့နေရာများအား ဝင်ရောက်ရှင်းလင်းခဲ့ရ။

( အကြမ်းဖက် ၁၅ လောင်း၊ သေနတ် ၇ လက်၊ ကျည်/ကျည်အိမ်မျိုးစုံ အများအပြား၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိပြီး စစ်သည် ၂ ဦး ဒဏ်ရာရရှိ )

(တန့်ဆည်)

မွန်းလွဲ ၃ နာရီခန့်တွင် တန့်ဆည်မြိုနယ်၊ ပေကုန်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲဝင်များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူသည် တောင်ဘက်သို ဆုတ်ခွာသွားခဲ့။
( အကြမ်းဖက် ၁ လောင်း၊ M-22 သေနတ် ၁ လက် သိမ်းဆည်းရမိပြီး မိမိထိခိုက်မှုမရှိ ) #Crd