ဖေဖော်ဝါရီလ ၇ ရက်နေ့တိုက်ပွဲသတင်းများ

-ကယားပြည်နယ် လွိုင်ကော်မြို့ Gold Hotel အနီးသို့ နေရာ ၂ နေရာမှ KNPPနှင့် PDF ပူးပေါင်းအင်အား ၄၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

-မွန်ပြည်နယ် ရေးမြို့နယ် ချောင်းနှစ်ခွရွာဝန်းကျင်တစ်ဝိုက်နယ်မြေရှင်းလင်းစဉ် KNLA တပ်မဟာ ၆ ၊ ရင်း ၁၇ နှင့် PDF ပူးပေါင်းအင်အား ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း ရန်သူ့အလောင်း ၁ လောင်း၊ တရုတ်နိုင်ငံထုတ် CS/LS 06 အမျိုးအစား ၁ လက်၊ ကျည် ၇ တောင့်၊ လက်လုပ်မိုင်း ၂ လုံးသိမ်းဆည်းရမိခဲ့။

-စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ဇီးခုံရွာအနောက် မြောက်ဘက်သို့အရောက် နေရာ ၂ နေရာမှ PDF ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက် သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းစခန်းသို့ နေရာ ၅ နေရာမှ PDF ၁၅၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကံကျေးရွာပြည်သူ့စစ်စခန်းသို့ နေရာ ၂ နေရာမှ PDF ၁၀၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့။အကြမ်းဖက်သူများ ဆုတ်ခွာစဉ် ကျေးရွာအတွင်း မီးရှို့ခဲ့သဖြင့် နေအိမ် ၃၅ လုံး ခန့်မီးလောင်ပျက်စီးခဲ့။