ထိုင်းနိုင်ငံ ဖူးခက်ရှိ ရေနုတ်မြောင်းကြီးမှာ မြန်မာ အမျိုးသားတစ်ယောက် ရေနစ်သေဆုံး

ထိုင်းနိုင်ငံ ဖူးခက်ကျွန်း ချာလောင်းဒေသမှာ အသက် ၄၇ နှစ်အရွယ် အမည်မသိ မြန်မာအမျိုးသားဟာ ရေတက်နေတာကို ကြည့်ရင်း ပြုတ်ကျသွားတာဖြစ်ပြီး သူ့အလောင်းကို ပြုတ်ကျတဲ့ နေရာနဲ့ တော်တော်လေးဝေးတဲ့ ရေထိန်းဂိတ်ပေါက်နားမှာ ပြန်ရှာတွေ့ခဲ့တယ်လို ထိုင်းလူမှုကယ်ဆယ်ရေး အဖွဲ့က ပြောကြားပါတယ်။

အဲ့ဒီ မြန်မာအမျိုးသားက လူတွေကို အကူအညီတောင်းတဲ့ အနေနဲ့ လက်ဝှေ့ယမ်းပြခဲ့ပေမယ့် ရေစီးသန်နေတာရယ် ရေနုတ်မြောင်းကျယ်လွန်းတာရယ်ကြောင့် ဘယ်သူမှ ဆင်းမကယ်ရဲကြဘူးလို ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။