အိန္ဒိယစွန်လွှတ်ပွဲတော်မှာ စွန်ကြိုးလည်ပင်းလှီးခံရပြီး ကလေး ၃ ဦးအပါအဝင် လူ ၆ ဦး သေဆုံး

အိန္ဒိယက စွန်လွှတ်ပွဲတော် ပွဲအပြီးမှာတော့ သွေးထွက်သံယိုမှုတွေ၊ လူသေဆုံးမှုတွေနဲ့ အဆုံး သတ်ခဲ့ရတယ်လို့ သိရပါတယ်။

သွေးစွန်းခဲ့တဲ့ စွန်လွှတ်ပွဲတော်အတွင်း မှန်စနဲ့ ပြုလုပ်ထားတဲ့ စွန် ကြိုး ကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ဝေဟင်တိုက်ပွဲ စွန်လွှတ်ပွဲတော်အတွင်း မတော်တဆမှု ကြောင့်သေဆုံးမှုမှာ အသက် ၂ နှစ်နဲ့ ၃ နှစ်ကြား ကလေးနှစ်ဦး၊ အသက် ၇ နှစ်အရွယ် ယောကျာ်း လေးတစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။