ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာပွဲကြီးကို ၅၅၀ ဆရာတော်မှ ဦးဆောင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ မှော်တော်ကျေးရွာရှိ သာသနာ့အလင်းရောင်ကျောင်းတိုက်တာအတွင်း၌ ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူတော်မင်္ဂလာပွဲတော်ကြီးကို ဧပြီ ၃ ရက်နှင့် ယနေ့ ဧပြီ ၄ ရက်တိုတွင် ၅၅၀ ဆရာတော် ဦးဝါသဝမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အလှူတော်မင်္ဂလာပွဲ၌ ၅၅၀ ဆရာတော်အား ရဟန်းဒကာ ဒကာများမှ သိမ်ထပ်မင်္ဂလာ ပြုလုပ်ကာ (၇၈)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ပင့်သံဃာတော် (၇၈)ပါးတိုအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ မောင်ရှင်လောင်း (၁၆၁) ပါး၊ အမျိုးသမီးနားသ (၃၉)ပါး၊ စုစုပေါင်း (၂၇၈)ပါးတိုကို ရှစ်ဖြာပရိက္ခရာစုံလင်စွာဖြင့် မြင့်မြတ်သော သာသနာ့ဘောင်သို သွတ်သွင်းချီးမြှောက်ခဲ့သည်။

အလားတူ ရပ်ဝေးရပ်နီးမှ ဧည့်ပရိတ်သတ်ပေါင်း ၁၀၀၀၀ ကျော်တိုအားလည်း ဧည့်ခံဆိုင်းများဖြင့်ဧည့်ခံဖျော်ဖြေပြီး ထမင်း၊ ဟင်းအပြင် မုန့် အာဟာရများစွာဖြင့်လည်း ကျွေးမွေးဧည့်ခံခဲ့သည်ဟု သိရသည်။