ယူကရိန်းအား ပိုလန်မှ အပြင်းအထန် ပံ့ပိုးကူညီနေမှု၏ အကြောင်းအရင်း

ပိုလန်နိုင်ငံသည် ယူကရိန်းနိုင်ငံသို စစ်ရေးအကူအညီများပေးပိုနေခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အခြေအနေများကို ဖျက်ဆီးနိုင်ရန် ရည်ရွယ်သော လျှိဝှက်အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) ၏ အကြီးအကဲ Sergey Naryshkin က ဧပြီလ ၄ရက်နေ့ တွင် သတိပေးပြောကြားခဲ့ပါသည်။ Kiev(ယူကရိန်း) သည် မော်စကို(ရုရှား)ကို ရှုးနိမ့်ခဲ့ပါက ပိုလန်နိုင်ငံသည် လွန်ခဲ့သည့် ၁၉၄၀ ခုနှစ်များတွင် ဆိုဗီယက်ယူနီယံကို ပေးလိုက်ရသော ပိုလန်တို၏ နယ်မြေများကို ပြန်လည် သိမ်းယူနိုင်ရန်ကြိုးစားလိမ့်မည်ဟု ၎င်းမှ ထောက်ပြပြောကြားခဲ့ပါသည်။

“ခေတ်သစ် ယူကရိန်းနိုင်ငံ၏ အနောက်ဘက် နယ်မြေများကို သိမ်းပိုက်ခြင်း သည် ပိုလန်များအတွက် Kresy ဟုခေါ်တွင်သော ‘နယ်ခြားမြေများ’ သည် ပိုလန်နိုင်ငံ၏ အမျိုးသားရေးဝါဒီ၏မဟာဗျူဟာမြောက် မက်မောဖွယ်ရာအိပ်မက်များဖြစ်တယ်”ဟု ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန အကြီးအကဲ Naryshkin မှထောက်ပြပြောဆ်ိထားပါသည်။