စိတ်ကြည်လင်ဖို့ဆိုရင်
ကောင်းတဲ့အလုပ်မှာပျော်ရသလို
ချမ်းသာချင်ရင်လည်း
ကုသိုလ်ဘက်မှာပဲ ပျော်ရပါတယ် ။
ဘယ်လောက်ပင်အလုပ်များများ
ကုသိုလ်ပြုဖို့အတွက်
တစ်ချိန်လောက်တော့ချန်ထားပါ ။
ဥစ္စာတွေ ဘယ်လောက်ရရ
ကုသိုလ်မရဘူးဆိုရင် တစ်နေ့တာရဲ့
ဖြတ်သန်းမှုဟာ မမြတ်ပါဘူး ။
မပြီးနိုင်တဲ့ အလုပ်တွေနဲ့ပဲ
ကိုယ့်ဘ၀ အချိန်ကုန်မသွားပါစေနဲ့ ။
ကိုယ့်အချိန် ပေးလိုက်ရလို့
ဘာမှမရတာမျိုးလည်း မဖြစ်စေနဲ့ ။
ကိုယ့်အရွယ် ကျလာတာနဲ့အမျှ
စိတ်ရဲ့အလှအရည်သွေးတွေရယ်
ကုသိုလ်ကောင်းမှုအလုပ်တွေရယ်
နောက်တန်းမကျအောင်ကြိုးစားပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏