မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ကိုယ့်ကိုယ်ကို
မှန်တယ်လို့ထင်နေတဲ့သူဟာ
အကြီးဆုံးသော မှားယွင်းမှုပါ ။

ကိုယ့်မသိမမြင်လိုက်တဲ့
အမှားတွေကို ထောက်ပြတဲ့အခါ
ကိုယ်ပဲမှန်တယ်လုပ်ပြီး မငြင်းပါနဲ့ ။

အငြင်းသန်ခြင်းဟာ
လူတွေရဲ့မုန်းခြင်းကိုခံရနိုင်ပါတယ် ။

ယုတ္တိရှိမရှိ သင့်မသင့်ကို
အမြဲတမ်း စီးစစ်ဝေဖန်စဥ်းစားပါ ။

ကိုယ်အမှားကို မသိလိုက်လို့
ပြင်ခွင့်မရရင်အရမ်းနစ်နာပါတယ် ။

အလုံးစုံသိတဲ့ ဘုရားကလွှဲရင်
အကုန်မသိတဲ့ လူတွေဖြစ်နေလို့
မိမိတို့ဟာ မှားနေကြအုံးမှာပါ ။

မှားတာဟာရှက်စရာမဟုတ်ပါဘူး
အမြဲမမှားဖို့အရေးအတွက်သာ
အထူးဂရုစိုက်နေထိုင်ဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏