မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင်

ဘဝဆိုတာ
ထောက်ရှာငှက် ပျံသလို
နိမ့်လိုက် မြင့်လိုက် နှင့်ပေါ့

လူ့ဘဝလည်း
တစ်ခါတစ်ရံ အမြင့်ရောက်လိုက်
တစ်ခါတစ်ရံ အနိမ့်ကျလိုက်နှင့်

နေရာ အပြောင်းအလဲ
ဘဝ အပြောင်းအလဲ
ကံတွေကလည်း အပြောင်းအလဲ
မြန်လိုက်တာ

အရာရာတိုင်းဟာ
ဘာတစ်ခုမှ တစ်သမတ်တည်း မရှိ
အမြဲတမ်း ပြောင်းလဲနေကြတယ်

ဒါပေမဲ့
လူတွေဟာ အထက်တန်းနေရာ
မြင့်သောနေရာကို ရောက်နေပြန်
တော့
မိမိကိုယ်ကို ဘဝင်မြင့်၊ မာနတွေထောင် ၊အာဏာ၊ ပါဝါတွေသုံး

အသက်ကြီး၊ အသက်ရွယ်တူ၊
ငယ်မူမကျန်
အမျိုးစုံ နှိပ်ကွပ်၊ နှိပ်စက်ကြတယ်

ပတ်ဝန်းကျင်၏ မြှောက်ပေးခြင်းကြောင့်
မကောင်းသော ကိုယ်၊ နှုတ်၊ စိတ်
တို့ဖြင့်
မပြစ်မှားထိုက်သူတွေကို ပြစ်မှားပြီး

လူက အထက်တန်းရောက်နေပေမဲ့
စိတ်ဓာတ်ကတော့ အောက်တန်းကျ
နေကြတယ်

ဒီကံရဲ့ မကောင်းကျိုးတွေဟာ
တစ်နေ့နေ့မှာနိမ့်ကျသည့်ဘဝကို
ရောက်မည်ဆိုတာကို
နားမလည်၊ သဘောမပေါက်လေ
တော့ရင်မောစရာပေါ့

ထို့ကြောင့်
ဘဝအထက်တန်းသို့ ရောက်လေလေ
စိတ်ဓာတ်တွေကို နှိမ့်ချပြီး

ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးကဲ့သို့
နူးညံ့သိမ်မွေ့သော က်ိုယ်၊နှုတ်၊စိတ်
တို့နှင့်
ကုသိုလ် ဖြစ်စရာတို့ဖြင့် နေသွားဖို့
လိုတယ်

ဘဝ အားငယ်နေရပေမဲ့
စိတ်ဓာတ်မကျဘဲ
ကုသိုလ်ဖြစ်စရာတွေနှင့်
အချိန်ကို ကုန်ဆုံးစေနိုင်ဖို့ လိုအပ်တယ်

ဘဝဆိုတာ
မြင့်တစ်ခါ၊နိမ့်တစ်လှည့်မို့
ဘယ်ဘဝမှာ နေရနေရ
အမှန်တရားဘက်မှဘုရားအဆုံးအမ၊
တရားအသိဓာတ်တို့ဖြင့်

ဘဝကို အမြင့်ဆုံး မဂ်၊ ဖိုလ်၊ နိဗ္ဗာန်
ထိမျက်မှောက်ပြုနိုင်အောင်ကြိုးစား
အားထုတ်နိုင်ကြပါစေဟု…..ဆန္ဒပြု
လျက်။