မင်္ဂလာရှိသော မနက်ခင်လေးပါရှင်

တရားမရှိရင် ရေနည်းငါးလိုပါ

ကံရှိန်ရှိတုန်းမှာ တရားအဖော်ပြု၍
ကိုယ့်ဘ၀ကို လျှောက်လှမ်းပါ ။

အားကိုးရာအစစ်ဟာ
သူများဆီမှာလည်း မရှိနိုင်တာမို့
ကိုယ့်ကိုယ်ကိုပဲ အားကိုးတတ်ပါစေ ။

ဘယ်လောက်ချစ်ချစ်
တစ်နေ့တော့ ပစ်ထားခဲ့ရမှာပါပဲ ။

ဘယ်လောက်ကြိုက်ကြိုက်
ကိုယ့်နောက်တော့မလိုက်နိုင်ပါဘူး ။

ဆက်ဆံခွင့်တွေ
ပတ်သက်ခွင့်တွေမကုန်သေးလို့
လက်မြဲပြီး ဆက်တွဲနေကြရတာပါ ။

လောကကြီးမှာ
ရေမရှိတဲ့ငါး အနေခက်သလို
တရားမရှိသူလည်းအနေခက်ပါတယ် ။

အိုနာသေဘေးကြုံလာရင်
ကိုယ်အားကိုးထားတဲ့သူတွေဟာ
ဘယ်သူမှ မကယ်နိုင်လို့
ကိုယ့်ဘ၀ကိုတရားမြဲနေဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏