အရန်ဆန်အိတ်ငါးသိန်း သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ​ဒေသတွေကိုပို့မယ်

အရန်ဆန်အိတ်ငါးသိန်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်နဲ့ သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများကို ဆက်လက် ပို့ဆောင်မယ်လို့ သိရပါတယ်။

အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ်ဝယ်ယူထားရှိတဲ့ အရန်ဆန်တန်ချိန် (၂၅,၀၀၀) ၊ အိတ် (၅၀၀,၀၀၀) နဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ရက်ပိုင်းကလုပ်ဆောင်ခဲ့တာပါ။

အစည်းအဝေးမှာ အရန်ဆန်များကို စနစ်တကျသိုလှောင်ဖို့၊ ပျက်စီးဆုံးရှုံးမှုမရှိစေဖို့၊ သင်္ဘောပေါ် တင်ပို့ဖို့ ပြင်ဆင်ချိန်ရရှိစေဖို့၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့တို့ကို ဆွေးနွေးခဲ့ပြီး အရန်ဆန်အိတ်ငါးသိန်းကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေကို ဆက်လက်ပို့ဆောင်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း အရန်ဆန်အိတ်နှစ်သိန်းကို ပထမအကြိမ်အဖြစ် သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။