တရုတ်အကူအညီနဲ့ တည်ဆောက်ထားတဲ့ သံလွင်မြစ်ကူး (ကွမ်းလုံ) တံတားသစ်ကို ပြည်နယ်ဝန်ကြီးချုပ်သွားရောက်စစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးဟာ တာဝန်ရှိသူတွေနဲ့အတူ ဩဂုတ်လ ၃၁ ရက်နေ့က လားရှိုးခရိုင် ကွမ်းလုံမြို့မှာရှိတဲ့ သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ်ကို သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက ယွမ်ငွေသန်း ၁၄၀ အကုန်ကျခံကာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လမှာ ပြီးစီးခဲ့ပါတယ်။

ပင်မတံတားရဲ့ အရှည်ဟာ (၂၈၆)မီတာ၊ အကျယ် (၁၂) မီတာ၊ နှစ်ဖက်ချဉ်းကပ်လမ်းရဲ့ စုစုပေါင်းအရှည်ကတော့ (၄.၃၀) ကီလိုမီတာ ဖြစ်ပြီး ခွင့်ပြုအလေးချိန် (၇၅) တန်ဖြစ်ကြောင်းသိရပါတယ်။