မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌻စိတ်ထားလေးပဲပြင်လိုက်ပါ🌻

လိုတာမရရင်
အလိုမကျပဲ စိတ်ဆင်းရဲရလို့
ရောင့်ရဲနိုင်တဲ့ စိတ်ထားရှိပါစေ ။

မကျေနပ်ဘူးဆိုရင်
စိတ်မသက်သာပဲ ပူလောင်ရလို့
ခွင့်လွှတ်နိုင်တဲ့ စိတ်ထားရှိပါစေ ။

ကြည့်မရတော့ဘူးဆိုရင်
မနာလို အမုန်းတရားတွေရှိနေလို့
ကိုယ့်စိတ်လေး ပြင်းထားနိုင်ပါစေ ။

မေတ္တာတရားနည်းရင်
နေထိုင်ရတာ အဆင်မပြေနိုင်လို့
ချစ်ခင်မှုရဖို့ မေတ္တာထားတတ်ပါစေ ။

အပူသောကတွေများရင်
ပျော်ရွှင်မှုတွေ ပျောက်ဆုံးတတ်လို့
စိတ်အေးချမ်းစွာ နေတတ်ပါစေ ။

စိတ်ထားမတတ်ရင်
အကုသိုလ်တွေ ၀င်လာတတ်လို့
စိတ်ထားမှန်စွာ ထားနိုင်ပါစေ ။

အဆင်မပြေနေတော့ဘူးဆိုရင်
မိမိရဲ့ ကံတွေဟာ ညံ့နေတာဖြစ်လို့
ကောင်းမှုပြုရင်း နေတတ်ပါစေ ။

🙏🙏💚 သာရ ဂ ဝေ သီ🙏🙏🙏