ဧပြီလ ၂၄ ရက်နေ့မှုခင်းသတင်းများ

-ဧပြီလ ၂၃ ရက် ၀၉၃၀ နာရီတွင် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)မှ အင်အား ၃၀ ဦးခန့်သည် ခေါဇာမြို့၊ ကျုံညဲကျေးရွာတွင်နေထိုင်သော ဦးတင်ဝင်း(၅၇)နှစ် ၏နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး ဦးတင်ဝင်း အား ဖမ်းဆီးခေါ်ဆောင် ခဲ့ပြီးနောက် ဦးထွန်းရှိန်(၅၄)နှစ်၊ ဦးသန်းဝင်း(၅၆)နှစ်နှင့် ဦးအောင်(၅၂)နှစ် တို့အား ၎င်းတို့၏နေအိမ်များတွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်းသိရှိရ။

-ဧပြီလ ၂၃ ရက် ၁၁၁၅ နာရီတွင် ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ ရွှေမြောင်းကျေးရွာတွင်နေထိုင်သော ဦးဝင်းကြိုင်(၅၉)နှစ်သည် ဖုမ္မသိမ်ကျေးရွာနေ ဦးကျော်ကျော်၏ ရှင်ပြုအလှူမှ ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ်   PDF အကြမ်းဖက်သမား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် နောက်မှ လိုက်ပါလာပြီး ပစ္စတိုဖြင့် ၆ ချက် ပစ်ခတ်ခဲ့ရာ  ဦးဝင်းကြိုင်တွင် ဝဲပါး၊ ဝဲလက်မောင်း၊ ဝဲနံကြား၊ ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း သိရှိရ။

-ဧပြီလ ၂၃ ရက် ၁၃၁၅ နာရီတွင် နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် ၂၈ မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၊ ၃၁၉/၆-၇၊ တဇောက် ကျေးရွာအနီးသို့ ကုက္ကိုဇီးကျေးရွာဘက်မှ  အကြမ်းဖက်အဖွဲ့သည် Fixed Wind ၁ စီးဖြင့် အမြင့်မီတာ ၁၂၀၀ ခန့်မှ Drop Bomb ၄ လုံးချ တိုက်ခိုက်ခဲ့ရာ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရ။