မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🔅အစွဲကင်းကင်းနဲ့ ရှင်သန်လိုက်ပါ🔅

တချို့အရာတွေကို
လွှတ်ချသင့်ရင် လွှတ်ချလိုက်ပါ

တချို့အရာတွေကို
စွန့်လွှတ်သင့်ရင် စွန့်လွှတ်လိုက်ပါ

တချို့အရာတွေကို
မသိကျေးကျွန်ပြုသင့်ရင် ပြုလိုက်ပါ

တချို့အရာတွေကို
ဥပေက္ခာပြုသင့်ရင် ပြုလိုက်ပါ

တချို့အရာတွေကို
လျစ်လျူရှု့သင့်ရင် ရှု့လိုက်ပါ

အဲလိုလုပ်နိုင်မယ်ဆိုရင်
ပူလောင်မှုတွေ
နာကျင်မှုတွေနဲ့ ကင်းကွာနေရမယ်

လောကကြီးမှာ
ကိုယ့်ဘဝ
အေးချမ်းပျော်ရွှင်ဖို့လောက်
ဘယ်အရာမှ သိပ်ပြီးအရေးမကြီးပါဘူး

တစ်ခါတလေမှာ
ပိုင်ဆိုင်ချင်တဲ့ရသူထက်
လက်လွှတ်ပေးလိုက်တဲ့သူက
ပိုပြီး အေးချမ်းနေတတ်တယ်

ဒါကြောင့်
ကိုယ့်ဘဝအေးချမ်းဖို့အတွက်
ဘယ်အရာကို သိပ်ပြီးအစွဲမထားလိုက်ပါနဲ့

ဘဝကို
အစွဲကင်းကင်းနဲ့ ရှင်သန်လိုက်ပါ🪴🪴

🌷🙏အရှင်ဇဝန(ရွှေကုန်းမြေ)🙏🌷