မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌿ဧကန်မလွဲ ဖြစ်လာမှာပါ🌿

မိတ်ဆွေကောင်းတွေလိုချင်ရင်
မိမိရင်ထဲမှာအကျင့်ကောင်းလေး
တွေ ရှိနေရမယ်

သူငယ်ချင်းကောင်းလိုချင်ရင်
ကိုယ့်အတ္တကို ရှေ့တမ်းမတင်ပဲ
တစ်ဦးနဲ့တဦး နာလည်းမှုတွေရှိ
နေရမယ်

အကောင်းဆုံးတွေကိုလိုချင်ရင်
အခက်အခဲတွေကို
သည်းခံကျော်ဖြတ်နိုင်စွမ်း ရှိနေ
ရမယ်

အောင်မြင်မှုတွေကိုလိုချင်ရင်
အဆင်မပြေမှုတွေကို
ရင်ဆိုင်ရဲ့တဲ့သတ္တိတွေ ရှိနေရမယ်

မိမိမှာ
ဘာတစ်ခုမှ မရှိရင်တော့
ဘာမှလည်း ဖြစ်လာမဟုတ်ဘူး

ဒါကြောင့်
မိမိလိုချင်တာတွေ ရရှိဖို့
ရှိသင့်ရှိထိုက်တဲ့အရာတွေ
မိမိမှာလည်း ရှိနေဖို့လိုအပ်ပါတယ် ။

မိမိမှာလည်း
ရှိသင့်ရှိထိုက်တဲ့အရာတွေ ရှိနေပြီ
ဆိုရင်
မိမိစိတ်ကူးထားတဲ့အရာတွေလည်း
ဧကန်မလွဲ ဖြစ်လာမှာ အသေချာပါ
ပဲ ။🌻🌻

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️