ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂၀၂၃ခုနှစ် သြဂုတ်လအတွင်း ထူးခြားချက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂၀၂၃ခုနှစ် သြဂုတ်လအတွင်း ထူးခြားချက်တွေဖော်ပြ‌ပေးလိုက်ပါတယ်…

သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်လို့ ဖမ်းဆီး အရေးယူခဲ့ရတာ ၁၀၁၃ မှုရှိ
အသက်ကယ်ထိုင်ခုံခါးပတ် မပတ်လို့ ဖမ်းဆီးအရေးယူတာက ၁၃၇ မှုရှိ
အမြန်လမ်းမကြီးတစ်လျှောက်မှာ အရှိန်နှုန်းတိုင်းတာတဲ့စက် ၁၈လုံးရှိကာ လက်ရှိ ၁၁နေရာခွဲပြီး စောင့်ကြည့်တိုင်းတာနေ
ယာဉ်မတော်တဆမှု ၉မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၁ဦး သေဆုံးကာ အမျိုးသား ၁၅ဦးနှင့် အမျိုးသမီး ၁၄ဦး ထိခိုက်ဒဏ်ရာရ
ပျက်စီးဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ် ၁၅၆သိန်းကျော်ရှိကြောင်း သိရပါတယ်…။