ဘားအံတက္ကသိုလ်၌ မောင်မယ်သစ်လွင် ၈၉၄ ဦး တက်ရောက်ပညာသင်ကြား

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါတယ်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးက ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့် စကားအတိုင်း မောင်တိုမယ်တိုသည် နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းထမ်းရမည့်သူများဖြစ်သည့်အတွက် ဗလငါးတန်ပြည့်စုံမှသာ အနာဂတ်ဘဝ လှပတင့်တယ်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးကို ပြည့်ပြည့်ဝဝ ထမ်းရွက်နိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ဆရာမများ သင်ကြားပေးသည့် အဆင့်မြင့် ပညာရပ်များကို သင်ကြားရင်း မိမိနှစ်သက်ရာ အားကစားနှင့် အသင်းအဖွဲများတွင် ပါဝင်လှုပ်ရှား၍ ထူးချွန်ထက်မြက်အောင် လေ့လာသင်ယူအားထုတ်ကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် ကရင်ပြည်နယ်အတွက် လက်ဆင့်ကမ်းတာဝန်များ ထမ်းရွက်နိုင်ရန် တက္ကသိုလ်ကြီးမှ တတ်သင့်တတ်ထိုက်သည့် အသိပညာ၊ အတတ်ပညာရပ်များကို တက်မြောက်ကျွမ်းကျင်အောင် သင်ယူကြစေလိုကြောင်း ပြောကြားပြီး ထောက်ပံ့ငွေကျပ် သိန်း(၂၀)ကိုပေးအပ်ရာ ဘားအံ တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက လက်ခံရယူခဲ့ပါတယ်။

ထိုနောက် ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက မောင်မယ်သစ်လွင်များအား ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး သစ်လွင်ကျောင်းသား၊ကျောင်းသူလေးများက မြကျွန်းညိုညိုသီချင်း၊ ကရင်ဒုံး အက၊ ဂျက်ဆင်ထိပ်ကလရိပ်ပြာသီချင်း၊ ရခိုင်ရိုးရာအက၊ ကရင်တေးသရုပ်ဖော်အက၊ မွန်ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဥပဒေ ချုပ်ဦးရဲလွင်က King ရရှိသူနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်းက Queen ရရှိသူတိုအား စာအိတ်ဖွင့်ဖောက်ကြေငြာပေးပြီး ဂုဏ်ပြုစလွယ်ကို ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။