ကိုယ့်စိတ်ကို ပိုင်နိုင်နေပါစေ

အသက်ကြီးလာတဲ့အခါ
အတွေးမများ သောကမပွားပဲ
ကိုယ်စိတ်နဲ့ကိုယ် နေတတ်ပါစေ ။

အထီးကျန်မှုတွေကြုံရတဲ့အခါ
ကိုယ့်ကိုယ်ကိုအားပေးပြီး
အေးချမ်းအောင်ရှင်သန်နိုင်ပါစေ ။

ပူစရာရှိလာတဲ့အခါ
ဘယ်အထိပူနေမှာလဲဆိုပြီးတော့
လွတ်လပ်ချမ်းသာစွာ နေနိုင်ပါစေ ။

အရွယ်ဆုတ်ယုတ်လာတဲ့ဘ၀မှာ
မှီစရာလည်း တရားဖြစ်သလို
ရှာစရာလည်း တရားသာဖြစ်ပါတယ် ။

သားသမီးတွေ အများတွေအတွက်
ကျွန်ခံပေးဆပ်ခဲ့တဲ့မိမိဟာ

အရေးကြီးချိန်ရောက်နေတာတောင်
ကိုယ့်စိတ်နဲ့ကိုယ် မပိုင်သေးရင်
သေဖို့တွက် ခက်စရာဖြစ်ရမှာပါ ။

ဒါကြောင့်….
လွတ်ဖို့အတွက်လည်းကြိုးစားပြီး
အေးချမ်းဖို့လည်းပြင်ဆင်ပြီး

အတတ်နိုင်ဆုံး မစွဲလန်းဖြစ်အောင်
ကိုယ့်ဘ၀ကို ရုန်းထွက်နိုင်ပါစေ ။ 🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏