ကံကိုပြင်၍ ချမ်းသာစေပါ

လူဆိုတာ
ဘာမှအားငယ်စရာမလိုပါဘူး ။

ကံကိုကောင်းအောင်သာပြင်နိုင်ရင်
အဆင်ပြေမှုတွေ ရနေကြမှာပါ ။

ကုသိုလ်တွေလုပ်နေရင်
ဘုန်းကံအရှိန်တွေတက်နေပါတယ် ။

ကိုယ်ကကောင်းရင်
ကောင်းတဲ့လူနဲ့တွေ့ရပြီးတော့
ကိုယ့်ဘ၀လည်း ကြီးပွားနိုင်ပါတယ် ။

ကိုယ်ကမှန်ပြီး ရိုးသားရင်
ကူမယ့်သူတွေနဲ့တွေ့ရပြီးတော့
ကိုယ့်ဘ၀လည်း ချမ်းသာနိုင်ပါတယ် ။

သူများရဲ့ အရှိန်ကိုမှီပြီးတော့
တောက်ပဖို့ပဲ မကြိုးစားချင်ပါနဲ့ ။

ကိုယ့်ရဲ့တောက်ပမှုအတွက်
ကိုယ်တိုင်လည်း လမ်းဖောက်ပါ ။

အဆင်မပြေတုန်းအခိုက်မှာ
အားတင်းပြီး‌တော့ သည်းခံဖို့လိုသလို

ကြုံလာသမျှဘ၀လောကဓံတွေကို
စိတ်ဓာတ်မကျ မရှုးမပေးပဲနဲ့
ရင်ဆိုင်ကျော်လွှားနိုင်ဖို့လိုပါတယ် ။

စိတ်ဟာ တရားနဲ့အဖော်ပြုထားရင်း
ခွန်အားတွေရပြီး ငြိမ်းချမ်းပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏