ပုဏ္ဏားကျွန်းဒေသခံများအတွက် အစိုးရမှချပေးထားသည့် စပါးရိတ်သိမ်း ခြွေလှည့်စက် (၁) စီးနှင့် စက်မောင်းသူအား AA အဖွဲမှ ဖမ်းဆီးယူဆောင်သွား

ရခိုင်ပြည်နယ်အစိုးရအဖွဲမှ ပုဏ္ဏားကျွန်းမြိုနယ်ထွေ/အုပ်ရုံးမှ ၂ဝ၂၂ ခုနှစ် မိုးစပါး ရိတ်သိမ်းရန်အတွက် စပါးရိတ်သိမ်းခြွေလှည့်စက်(Fielding Combine Harvester)စက် ၁ စီးအား ပုဏ္ဏားကျွန်းမြိုနယ်၊ ပဒေသာကျေးရွာသစ်နေ ပဒေသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘညွန့်မောင်အား ငှားရမ်းအသုံးပြုခွင့်ပေးထားရာ နိုဝင်ဘာ ၂၈ရက်နေ့ နေ့လည်ပိုင်းက ၎င်းကျေးရွာအနီးရှိ ဦးဘညွန့်မောင်၏လယ်ယာ၌ စက်မောင်းဖြစ်သူ မောင်ဖြူဖြူ(ဘ)ဦးမောင်စိုးသိန်း၊ ၁၈ နှစ်၊ ရခိုင်/ဗုဒ္ဓ၊ အထုပ်သည်ကျေးရွာနေသူမှာ စပါး ရိတ်သိမ်းနေစဉ် AA လက်နက်ကိုင်အဖွဲဝင် ၅ ဦးရောက်ရှိလာပြီး ရိတ်သိမ်းခြွေလှည့်စက်အား စက်မောင်းနှင့်အတူ စက်အားဖမ်းဆီးယူဆောင်သွားကြောင်းနှင့် ယနေ့အချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသောကြောင့် မိသားစုဝင်များ စိုးရိမ်ပူပန်နေကျတယ်လို ဒေသခံရွာသား တစ်ဦးထံမှ သိရှိရပါတယ်ရှင်။