ကျွန်းလှမြို့နှင့် ဂန့်ဂေါတွင် PDF အကြမ်းဖက်သမားများ ဖမ်းဆီးရရှိ

ဩဂုတ်လ ၅ ရက် နံနက် ၈ နာရီခန့်တွင် ကျွန်းလှမြို့နယ်၊ ဘိုကုန်းကျေးရွာရှိ ဆိပ်ကမ်းတွင် သတင်းအရ လုံခြုံရေးအဖွဲ့များမှ ရှာဖွေစစ်ဆေးဆောင်ရွက်ခဲ့ရာ  အကြမ်းဖက်သင်တန်းများ တက်ရောက်ပြီး တရားမဝင်ရွှေမျှောများ လုပ်ကိုင်နေသည့် PDF အကြမ်းဖက်သမား ဝင်းအောင် (ဘ)ဦးလှရှောင်၊ ကျပန်း၊ တူးမြောင်းကျေးရွာ၊ ကောလင်းမြို့နယ်နေသူအား ဖမ်းဆီးရရှိခဲ့သလို

ဩဂုတ်လ ၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအဖွဲ့များမှ လူ၊ယာဉ် အဝင်/အထွက်များ စစ်ဆေးဆောင်ရွက်နေစဉ် PDF အကြမ်းဖက်သမား ဌေးဝင်းနိုင် (ဘ)ဦးကြည်ဌေး၊ ကျပန်း၊ မွေးလယ်ကျေးရွာ၊ ဂန့်ဂေါမြို့နယ် နေသူအားဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။