အချင်းချင်းဘယ်လိုမှ ပေါင်းစပ်ညှိနှိုင်းလို့မရဘူးလို့ပြောလာတဲ့ နဂါး

ပုလဲနယ်က နဂါးဦးဆောင်တဲ့ MRDA အဖွဲ့နဲ့ ပုလဲမြို့နယ် ဗကဖအဖွဲ့တွေဘယ်လိုမှ ညှိနှိုင်းလို့မရကြောင်း နဂါးအနေနဲ့လူမှုကွန်ယက်မှာ ပြောကြားလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ NUG ရဲ့ တော်လှန်ရေးကာလကြာမြှင့်လာတာနှင့်အမျှ အတွင်းထဲအချင်းချင်းလုပ်စားလာသူများ၊ ကိုယ်ကျိုးရှာသူများပိုမိုများပြားလာပြီး တစ်ယောက်နှင့်တစ်ယောက် ကွက်ကျော်ရိုက်ချင်သူများ များပြားလာတာကြောင့် တော်လှန်ရေးဟာ ဘယ်လိုမှရှေ့ဆက်လို့ရနိုင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။