မင်္ဂလာရှိသောနံနက်ခင်းလေးပါ

🌻🌻အချိန်ရတိုင်း🌻🌻

စိတ်ချမ်းချမ်းသာသာ
ဘဝကို နေထိုင်ချင်တယ်ဆိုရင်

လောဘစိတ်တွေကို လျော့ချပါ
မဖြစ်နိုင်တာတွေကို သိပ်မတွေး
ပါနဲ့

ရောင့်ရဲတတ်တဲ့စိတ်ကို မွေးမြူပါ
သူတစ်ပါးဆီက အချောင်မယူချင်
ပါနဲ့

ခွင့်လွှတ်ပေးတတ်အောင် ကြိုးစား
ပါ
မကောင်းမြင်တတ်တဲ့စိတ်တွေနဲ့ မ
ကြည့်ပါနဲ့

မိမိဘဝ
စိတ်ချမ်းချမ်းသာသာနေနိုင်ဖို့က
မိမိစိတ် မိမိလုပ်ရပ်တွေနဲ့ ဆိုင်ပါတယ်

အချိန်ရတိုင်း
မိမိစိတ်ကို ပြန်ပြီးသုံးသပ်ပါ
မိမိရဲ့လုပ်ရပ်ကိုပြန်ပြီးဝေဖန်ပါ

အဲလိုပြုကျင့်နေထိုင်နေမယ်ဆိုရင်
မိမိရဲ့စိတ် အေးချမ်းမှုတွေ ခံစားရမယ်
မိမိဘဝလည်းတိုးတတ်မှုတွေရှိလာမယ်

ဒါကြောင့်
မိမိဘဝအေးအေးချမ်းချမ်းနေထိုင်
နိုင်ဖို့

အချိန်ရတိုင်း
ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပါ

အချိန်ရတိုင်း
မိမိကိုယ်ကိုယ် ပြန်ပြီးသုံးသပ်ပါ။🌻🌻🌻

✍️အရှင်ဇဝန (ရွှေကုန်းမြေ)