ကိုယ့်လူတောင်ကိုယ် မယုံတော့သည့် ရက္ခိုင့်တပ်တော် AA

AA တပ်ဖွဲ့အတွက် ရိက္ခာနှင့်ငွေကြေးကောက်ခံမှုကို ကျေးရွာအလိုက် ဖွဲ့စည်းထားသော ULA/AA များ၊ နယ်မြေမှူးများ၊ တိုက်နယ်မှူးများမှ အဓိကတာဝန်ယူလုပ်ဆောင်ပေးနေကြပါတယ်။

ယခုနောက်ပိုင်းမှာ နယ်မြေမှူး၊ တိုက်နယ်မှူးများ ချမ်းသာလာခြင်း၊ ကျေးရွာအပေါ်ဗိုလ်ကျစိုးမိုးခြင်းနှင့်အတူ AA အတွက် ရိက္ခာနှင့်ငွေကြေးရရှိမှု သိသာစွာလျော့နည်းလာမှုကြောင့် ရိက္ခာနှင့်ငွေကြေးကောက်ခံမှုကို နိုင်ငံရေးမှူးများအား တာဝန်ပေးအပ်ရန် စီစဥ်လျက်ရှိပါတယ်။

ဒါ့အပြင် ပြည်သူလူထုထောက်ခံမှုကျဆင်းလာတဲ့အတွက် နယ်မြေဆင်းပြီး လူထုအား စည်းရုံးနေတဲ့အပြင် ULA/AA များ ပြောင်းလဲခန့်အပ်ရန် လုပ်ဆောင်နေကြပါတယ်။

AA အတွင်း စစ်ဒေသမှူးများ၊ မြို့ပေါ်  ULA/AA အဖွဲ့ဝင်များနှင့် နယ်မြေမှူးများမှာ ချမ်းသာလျက်ရှိပြီး တောထဲစခန်းရှိ AA တပ်ဖွဲ့ဝင်များမှာ ပင်ပန်းဆင်းရဲပြီး အစားအသောက်ခက်ခဲမှုကြောင့် အထက်အမိန့်ကို ဖီဆန်ကာ တရားမဝင်ငွေကြေးရှာဖွေခြင်းနှင့်  မှောင်ခိုလုပ်ငန်းများ ပြုလုပ်လာကြသည်။

ယခုလ ၂၈ ရက်မှ ၃၁ ရက်နေ့အတွင်း မြောက်ဦး – တိမ်ညိုရွာကြား ကားလမ်းမပေါ်တွင် AA အဖွဲ့ဝင် ၅၀ ဦးခန့်က ယူနီဖောင်းနှင့် လက်နက်များကိုင်ဆောင်ကာ ကားများထံမှ ဆက်ကြေးကောက်ယူခဲ့ပြီး တစ်ရက်လျှင် သိန်းတစ်ရာကျော်ရရှိကြောင်း၊ ထိုသို့ကောက်ခံမှုအား အထက်မှ ခွင့်ပြုထားခြင်းမရှိကြောင်း သိရှိရပြီး ဒေသခံပြည်သူလူထုနှင့် ခရီးသွားများမှ မကျေနပ်၍ ဗဟိုသို့ တိုင်ကြားခဲ့သော်လည်း မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိသဖြင့်စိတ်ပျက်လျက်ရှိကြောင်း သိရှိရပါသည်။

crd