ပဲခူးမြို့ပေါ်မှာ ရေတွေကြီးနေလို့ ပြည်သူအချို့ ရွှေ့ပြောင်းနေရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ မနက် ၆ နာရီခွဲအချိန်က ရပ်ကွက်အချို့မှာ ရေကြီးခဲ့ပြီး နေအိမ်ထဲအထိ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ရေဝင်ရောက်လာတဲ့ ရပ်ကွက်တွေက ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက်ကြီးစု၊ မြို့သစ်ရပ်ကွက်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီနေရာကို ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များကသွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေကို နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေဆီ ယာယီပြောင်းရွှေ့နေရာချထား ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။