ထိုင်းထီဘတ်၆သန်းဆုကို ထိုင်းဆောက်လုပ်ရေးလုပ်ငန်းတွင်လုပ်နေသည့်မြန်မာအလုပ်သမားဇနီးမောင်နှံဆွပ်ခူးခဲ့

ပြီးခဲ့သည့် အောက်တိုဘာ၁ရက်နေ့က ထိုင်းအစိုးရထီဖွင့်ပွဲ မှ ထိုင်းနိုင်ငံ၏အမြင့်ဆုံးဆုဖြစ်သည့် ဘတ်၆သန်းဆုကို ထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းတွင်လုပ်ကိုင်နေသော မြန်မာအလုပ်သမားဇနီးမောင်နှံ တို့ဆွပ်ခူးခဲ့ကြောင်း သိရသည်။

  အဆိုပါ ဇနီးမောင်နှံသည် ထိုင်း-လာအိုနယ်စပ် မြို့ဖြစ်သည့် ခေါင်ကဲယ်မြို့  ရှိဆောက်လုပ်ရေး လုပ်ငန်းတွင်အထောက်အထားမပြည့်စုံစွာနေထိုင်အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြောင်း သိရသည်။