ဝက်ပုန်းရည်ကြီးဟင်း‌ကို အရသာရှိရှိချက်စားကြမယ်

အရသာဆိမ့်ဆိမ့်နဲ့ ချက်ရတာ အင်မတန်လွယ်တဲ့ ဝက်သားပုန်းရည်ကြီးချက်နည်းလေးပါ။ မြန်မာ့ ဟင်းချက်နည်း မုန့်လုပ်နည်းအားလုံးကို ဗီဒီယိုအနေနဲ့ မှတ်တမ်းတင်ထားချင်တာကြောင့် ချက်နည်းက လွယ်ပေမယ့် ပြန်ချက်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။

ပါဝင်ပစ္စည်းများ

ဝက်ပေါင်သား – ၄၀ ကျပ်သားဝန်းကျင်

ပုန်းရည်ကြီးအမှုန့်ထုပ် – ၂ ထုပ်

ကြက်သွန်ဖြူ – အနည်းငယ်

ကြက်သွန်နီ – ၂ မွှာ

ချင်း (ဂျင်း) – အနည်းငယ်

အရသာနှပ်ရန် သကြား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ဆား – အနည်းငယ်

ပဲငံပြာရည်အကြည် – ဇွန်းတဝက် (စားပွဲတင်ဇွန်း)

ချင်း(ဂျင်း) ရည် – အနည်းငယ်

ငရုတ်သီးမှုန့် – ၁ ဇွန်း (စားပွဲတင်ဇွန်း)

ဆီ – ခွက်၃ပုံ၁ပုံ တို့လိုအပ်ပါတယ်။