UFC- 302 ပွဲစဉ်တွင် ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်နှင့် တရုတ်နိုင်ငံသား Sumudaerji ယှဉ်ပြိုင်ထိုးသ-တ်မည်

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန်သည် Vegas 90 ပွဲစဉ်တွင် ဘရာဇီးနိုင်ငံသားဖိုက်တာ Lucas Rocha နှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ပြိုင်ဘက်ဘက်မှ ကျန်းမာရေးအခြေအနေအရ နှုတ်ထွက်သွားခဲ့ပြီးနောက် တရုတ်နိုင်ငံသား Sumudaerji နှင့် ပွဲတည်ဖြစ်ခဲ့ခြင်းဖြစ်သည်။

၄င်းတို့ နှစ်ဦးလာမည့် ပထမပတ်အတွင်း ယှဉ်ပြိုင်ထိုးသ-တ်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးထားပြီဖြစ်ကြောင်း သိရသ့။

တရုတ်နိုင်ငံသား ဖိုက်တာ sumudaerji သည် အသက် (၂၈) နှစ်အရွယ်ဖြစ်ပြီး အရပ် (၅)ပေ (၈)လက်မ ခန့်ရှိကာ MMA ပွဲပေါင်း (၂၂) ပွဲထိုးသတ်ထားကာ(၁၆) ပွဲနိုင် (၆)ပွဲရှုးထားပြီး၊ UFC တွင် (၆) ပွဲထိုး(၃) ပွဲနိုင် (၃) ပွဲရှုးထားသူတစ်ဦးလည်းဖြစ်သည်။