စည်းကမ်းသည်တပ်မတော်ရဲ့ကျောရိုး

လေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်သင်ကြားနေကြတဲ့ မျိုးချစ်လူငယ်လေးများကို သက်ဆိုင်ရာကျောင်းတော်ကြီးက တာဝန်ရှိသူတွေက အစားအသောက် အနေအထိုင်ကအစ လိုလေးသေးမရှိရအောင် စီမံဆောင်ရွက်ဖြည့်ဆည်းပေးလျက်ရှိပါတယ်။

စည်းကမ်းဟာတပ်မတော်ရဲ့ကျောရိုးဖြစ်တယ်ဆိုတဲ့အတိုင်းပဲ စားတာနေတာထိုင်တာ လေ့ကျင့်သင်ကြားတာကအစ ဘယ်နေရာမဆို စည်းကမ်းတကျနေတတ်ထိုင်တတ်လုပ်တတ်ကိုင်တတ်အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိနေတယ်ဆိုတာ မျိုးချစ်လူငယ်လေးများရဲ့ နေ့လယ်စာသုံးဆောင်ကြတဲ့ မြင်ကွင်းတွေက သက်သေပြနေပါတယ်နော်။