ပခုက္ကူ အမှတ်(၁) အထည်ချုပ်စက်ရုံအား အကြမ်းဖက်များ လာရောက်ပစ်ခတ်

စက်တင်ဘာ ၈ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ အမှတ်(၁) အထည်ချုပ်စက်ရုံအား PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် စက်ရုံ၌ လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း-

-PDF ၂ လောင်း
-အမ်အေ(၃) ၁ လက်
-ကျည်အိမ် ၁ ခု
-ကျည်မျိုးစုံ ၆၇ တောင့်
-အမ်ဂျီ(၁) လက်ပစ်ဗုံး ၁ လုံး
-နိုင်ငံသားစိစစ်ရေးကတ် ၁ ခု သိမ်းဆည်းရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်…