နမ့်ဖက်ကာတိုက်ပွဲသတင်းအဆက်

စက်တင်ဘာ ၈ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်အနီး လွယ်မောက်တောင်ကြောရှိ KIA တပ်မဟာ ၄ ၊ တပ်ရင်း ၉ ဒေသအခေါ် ကောင်းဆတ်ဘွန်း(Kaung Sak Bum) စခန်းအား စက်တင်ဘာလ ၇ ရက်နေ့က တပ်မတော်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက် သိမ်းပိုက်တပ်စွဲထားပြီး စခန်းနေရာများအား အသေးစိတ်နယ်မြေရှင်းလင်းခဲ့ရာ ဒရုန်း ၂ စင်း၊ ကျည်အိမ် ၂၂ ခု၊ ကျည် ၂၈၀ တောင့်၊ မိုင်းမျိုးစုံ ၅ လုံး၊ မောင်းတုံး ၁၄ ခု၊ အိုင်ကွန် ၉ လုံး၊ ပြောက်ကျားယူနီဖောင်း ၅၆ စုံ၊ ဆိုင်ကယ် ၅ စီး၊ RPG ဒုံးသီးပို့ကျည် ၄ တောင့်၊ KIA အဆင့်တံဆိပ်မျိုးစုံ ၁၅၀ ခု ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်..