ကသာမြို့နယ်တွင် အကြမ်းဖက်သမားများမှ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီး

စက်တင်ဘာ ၁၇ရက်က၊ ကသာမြိုနယ်အကျော် တုတ်ကြီးကျေးရွာတွင် အကြမ်းဖက်သမားများ အခြေပြုနေထိုင်ကာ ဆက်ကြေးတောင်း ဓားပြတိုက်နေကြောင်း တာဝန်သိပြည်သူများရဲ့ သတင်းအရ တပ်မတေ်တပ်များမှ သွားရောက်ရှင်းလင်းခဲ့ရာ ရွာအရှေ့တောင်ဘက် မီတာ ၉၀၀ခန့်အကွာတွင် အကြမ်းဖက်သမား အင်အား ၃၀ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများဆုတ်ခွာချိန်တွင် ၎င်းတိုနောက်ကို လိုက်လံမရှင်းလင်းနိုင်အောင် ရွာရှိနေအိမ်များကိုမီးရှို့သွားတာကြောင့် နေအိမ် ၁၈၂လုံးအနက် ၂၀လုံးမီးလောင်ပျက်စီးခဲ့ပါတယ်…

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်သမားများထံမှ-

အကြမ်းဖက်သမားအလောင်း- ၆လောင်း
၁၀၇မမ ဒုံးသီး- ၂လုံး
ပစ်ကျင်း- ၁၅ကျင်း
ဝါယာကြိုး- ၅၀၀ပေ
ဘက်ထရီ- ၃လုံး
Drone ဘက်ထရီ- ၆ခုတိုကို သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်မှုမရှိကြောင်းသိရပါတယ်။

အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာတင် အားမရလို ဓားပြတိုက်၊ ဆက်ကြေးကောက်ပြီး နေစရာအိမ်ပါမရှိအောင်လုပ်တဲ့ အကြမ်းဖက်သမားတွေကို ဘယ်ပြည်သူမှ လက်မခံတော့ဘူး…