ခရီးသည်များလုံခြုံစွာ သွားလာနိုင်ရေးဆောင်ရွက်

ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားဖူးခရီးသည်များ  စိတ်ချလုံခြုံစွာဖြင့်  လာရောက်ပူဇော်နိုင်ရေးကိုအထူး အလေးထား တိုင်ပင်ဆောင်ရွက်နေကြောင်းကျိုက်ထီးရိုးဘုရား၏ ဂေါပကအဖွဲ့မှ သိရသည် ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ တောင်ဖွင့်ပွဲမတိုင်မီအချိန်က ကျိုက်ထီးရိုးဘုရား ကင်မွန်းချောင်တောင်တက်မော်တော်ယာဉ်ဂိတ်၌ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး ဘုရားဖူး ၃ ဦး သေဆုံးပြီး  လူ ၂၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့သော ဖြစ်စဉ် ရှိခဲ့သည့်အတွက်လုံခြုံရေးအား တင်းကျပ်စွာဆောင်ရွက်ထားကြောင်း သိရသည်။