အကောင်အထည်ဖော်ရေးဆောင်ရွက်နေတဲ့ Nuclear Power Plant

မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်အားထုတ်လုပ်မှု (Nuclear Power Plant) တည်ဆောက်ရေးအား ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နှင့် Institute of Electrical and Electronic Engineers (IEEE) တို့၏ အကူအညီ ရရှိမှုအပေါ်မူတည်ပြီး လျင်မြန်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်က မတ်လ ၂၅ ရက်က ရုရှားနိုင်ငံ၌ စတင်ကျင်းပနေသည့် 2024 ATOMEXPO Xlll အခမ်းအနားတွင် ရုရှားမီဒီယာဖြစ်သည့် Russiya 24 နှင့် အင်တာဗျူးဖြေရာတွင် ပြောကြားခဲ့ပြီး အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် မြန်မာနိုင်ငံနှင့် ROSATOM တို့ကြား သဘောတူညီချက်ကို ၂၀၂၃ ခုနှစ် ဖေ‌ဖော်ဝါရီ ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မေလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အသက်ဝင်ခဲ့ချိန် ပူးပေါင်းဆောင်ရွက်မှုများ စတင်ဖွဲ့စည်းခဲ့ကြောင်း ဒေါက်တာမျိုးသိမ်းကျော်က ပြောကြားသည်။