အုတ်ဖိုမှာ မိုင်းဆွဲခံရလို့ တပ်မတော်သား ၁၀ ဦး သေဆုံးဆိုတဲ့ Khit Thit ရဲ့ ဂျင်း

ဧပြီလ ၂ ရက်နေ့ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ဝင်းသရက်ကျေးရွာအကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ချောင်းမြေင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကို Khit Thit Media မှ ဖြစ်စဉ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်ဆိုပြီး ပုံကြီးချဲ့ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။