နေပြည်တော်သို့ ပျံသန်းဝင်ရောက်လာသော ဒရုန်းများအား ပစ်ချဖျက်ဆီး

ယနေ့ ဧပြီလ (၄) ရက် ၁၀ နာရီ ၃၀ မိနစ်တွင် နေပြည်တော်လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း (၄) စင်း ပျံသန်း လာခဲ့သဖြင့် လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ ဒရုန်းများကို အောင်မြင်စွာ ပစ်ချ ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။

အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်း (၃) စင်း ပျံသန်းဝင်ရောက် လာခဲ့ပြီး အဆိုပါ ဒရုန်းများကိုလည်း လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်တွင် လူ၊ အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။ #Crd