လေးဖာတောတံတားအား ဖောက်ခွဲဖျက်ဆီးသူ KRF အဖွဲ့ဝင် အကြမ်းဖက် ၃ ဉီးအားဖမ်းမိ

၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျိုက်ထီးရိုးတောင်တက်လမ်းရှိ လေးဖာတောတံတား ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ည ၇ နာရီကျော်၌ လုံခြုံရေးအဖွဲ့များက တောင်တက်ကားဂိတ်အနီး စစ်ဆေးနေစဉ် ပြည့်စုံမောင်မောင်(ခ)ပြည့်စုံ၊ အာကာပိုင်စိုး(ခ)အာကြီး၊ ဧပရယ်ဟိန်း(ခ)ဧပရယ် အားတားဆီးစစ်ဆေးရာ ၎င်းတို့ကိုင်ဆောင်သော ဖုန်းများအတွင်းမှ တောတွင်းအကြမ်းဖက်စခန်း၌ လက်နက်ကိုင်ရိုက်ကူးထားသည့်ပုံများ၊ ဝင်းကရဲစခန်းတိုက်ခိုက်မှု video များ တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းတို့ ၃ ဉီးသည် တပ်မဟာ ၁ နယ်မြေတွင် အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက် ရဲပြေး အေးမင်းထွန်း ဉီးဆောင် KRF အဖွဲ့နှင့်ပူးပေါင်းကာ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ဘီးလင်းမြို့နယ် ဝင်းကရဲစခန်းတိုက်ခိုက်ရာတွင် ပါဝင်ခြင်းနှင့် ယခု လေးဖာတောတံတား ဖောက်ခွဲဖျက်ဆီးမှုတွင် ကိုယ်တိုင်ပါဝင်ကျုးလွန်ခဲ့ကြောင်း သိရသည်။