ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးအား CDF သောင်းကျန်းသူများက မိုင်းထောင်ဖောက်ဖျက်ဆီး

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးအား အဖျက်အမှောင့်များ လုပ်ဆောင်နေသည့် CDF သောင်းကျန်းသူများက ကောက်ကျစ်ယုတ်မာစွာ မိုင်းထောင်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

CDF သောင်းကျန်းသူများ၏ မိုင်းထောင်ဖျက်ဆီးမှုကြောင့် ၎င်းရုံးအတွင်းရှိ ရုံးသုံးကွန်ပျူတာ ၁ လုံး၊ ရုံးတံခါးမကြီး ၁ ချပ်၊ ပြတင်းပေါက်မှန် ၁၀ ချပ်၊ လျှပ်စစ်ကေဘယ်ကြိုး ၂ ခွေ၊ သစ်သားထိုင်ခုံ ၅ လုံး၊ သစ်သားစားပွဲ ၂ လုံး၊ ရုံးသုံးမီတာဘောက် ၁ လုံး၊ မျက်နှာကြက် ၆ ချပ်၊ ထရန်စဖော်မာ ၁ လုံးတိုမှာ မိုင်းစထိမှန်ပျက်စီး ဆုံးရှုးခဲ့ပြီး လူများ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်။