တပ်မတော်မှ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးတဲ့ သတင်းအမှား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ခွမ်ကျေးရွာအနီးသို့ ဒီဇင်ဘာ ၃ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြု ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် အသက်လေးလအရွယ်ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်းတရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

      တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေး အတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင် ဘာ ၃ ရက်တွင် မူဆယ်မြို့နယ်၊ နမ့်ခွမ်ကျေးရွာအနီး၌ အကြမ်းဖက်သမားများ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်သမားများ ပစ်ခတ်သော လက်နက်ကြီး ကျည်များ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ် ကြောင်း သိရှိရပြီး တပ်မတော်မှ အဆိုပါဖြစ်စဉ် နေရာသို့လေကြောင်းအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့်  တပ်မတော်နှင့်ပြည်သူပူးပေါင်း၍ အကြမ်းဖက်မှု နှိမ်နင်းရေး ဆောင် ရွက်နေမှုများကို မလိုလားသည့်  တရားမဝင် ပြည်ဖျက်မီဒီယာ များက ပြည်သူလူထုနှင့် တပ်မတော်အကြား သွေးကွဲစေရန် ရည်ရွယ်ချက်ဖြင့် သတင်းအမှား၊ သတင်းအတုများကို ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN