ကော့ကရိတ်မြို့ ရှိ ပြည်သူနေအိမ် ၂ လုံးအား အကြမ်းဖက် KNU/PDFအဖွဲ့က မီးရှို့

ဧပြီ ၅ရက် မွန်းလွဲ ၁ နာရီကျော်တွင် ကော့ကရိတ်မြို၊ အမှတ် ၃ ရပ်ကွက် ၊ တိုးချဲ့ကွက်သစ်ရှိ သာမန်ပြည်သူ့ နေအိမ် ၂ လုံးအား လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNUနှင့် PDF အဖွဲက မီးရှို့ဖျက်ဆီးပြီး အဘောဘုရားကုန်းဘက်သို ထွက်ပြေးသွားကြောင်းသိရှိရပါသည်။ မီးလောင် နေအိမ် ၂ လုံးအား ကော့ကရိတ်မြို့ မီးသတ်ဉီးစီးဌာနမှ မီးသတ်ယာဉ် ၂ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နေ့လည် ၂ နာရီကျော်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် သွပ်မိုးပျဉ်ကာအိမ် ၁ လုံး၊ သွပ်မိုးအုပ်ကာအိမ် ၁ လုံး ပေါင်း ၂ လုံးဖြစ်ပြီး ကာလ တန်ဖိုး သိန်း ၂၅၀ ခန့် ပျက်စီးခဲ့ကြောင်း သတင်း ရရှိပါသည်။