PDF အဖွဲ့ရဲ့ လက်နက်ကြီးများကြောင့် ဒေသခံများ သေဆုံးမှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအား လက်နက်ကြီး/လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၃၂ ဦးသေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့မှုနှင့် ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အဖွဲအစည်းအသီးသီးမှ ထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါတယ်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေမှုများအပေါ် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)အသင်းအပါအဝင် ဘာသာရေးအသင်းအဖွဲ့ ၂၀ တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြတယ်လို့သိရပါတယ်။